ခရမ်း ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းပိုင်းခရိုင် ခရမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာထားလျက် ရှိကြောင်းနှင့် မဲစာရင်းလာရောက်ကြည့်ရှုကြ သူများကို မြို့နယ်/ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ခရမ်း မြို့နယ်တွင် ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း(၅၃) အုပ်စုရှိရာ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၂၆၀၀၀ ကျော် အထိရှိကြောင်း နှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ခရမ်းမြို့နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိမြို့နယ်များတွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ နံနက် ၇ နာရီမှ ည ၉ နာရီအထိ သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် နှစ်ပတ်ကြာကပ်ထား ကြေညာပေး သွားမည်ဖြစ်သော်လည်းယခုအခါ မဲဆန္ဒရှင်ပြည်သူများပိုမိုကျယ်ပြန့်စွာသိရှိ၍ မဲပေးမှု အခွင့်အရေး များ မဆုံးရှံးစေရန် အတွက် ရက်ထပ်တိုး၍ ကြေငြာပေးလျှက်ရှိ ကြောင်းသိရှိရသည်။
အဆိုပါမဲစာရင်းကပ်ထားခြင်းကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များလိုက်လံလှည့်လည် ကြည့်ရူစစ်ဆေး ခဲ့ကြပြီး လုပ်ငန်း လိုအပ်ချက် များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုမင်း(ခရမ်း )