ဖာပွန်မြို့တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္ထတန်းသင်ရိုးသစ် မြို့နယ်အဆင့် (နောက်ဆက်တွဲ) သင်တန်း ဖွင့်လှစ်ပို့ချ

ဖာပွန် ဩဂုတ် ၁၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ စတုတ္ထတန်းသင်ရိုးသစ် မြို့နယ်အဆင့် (နောက်ဆက်တွဲ) သင်တန်းကို ယနေ့ နံနက် (၉) နာရီ အချိန်မှစတင်၍ ဖာပွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ သင်ကြားပို့ချလျှက်ရှိကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်သည့်အနေဖြင့် သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများကို နှာခေါင်းစည်း Mask များတပ်ဆင်​စေခြင်း၊ စာသင်ခန်းအဝင်တွင် စနစ်တကျလက်ဆေးပြီးမှ စာသင်ခန်းအတွင်းသို့ ဝင်ရောက်သင်ကြားစေခြင်း၊ သင်တန်းတွင် ဖာပွန်မြို့နယ်ရှိ နည်းပြ ဆရာ၊ ဆရာမ (၁၀) ဦးက သင်တန်းသား၊ သင်တန်းသူ (၉၀) ဦးကို လူစုလူ​ဝေးမဖြစ်​စေ​ရေးအတွက် စာသင်ခန်း (၄) ခန်း ခွဲခြား၍ သင်ကြားပို့ချလျှက်ရှိ​​ကြောင်း၊ သင်တန်းကာလမှာ ဩဂုတ်လ (၁၀) ရက်နေ့မှ (၁၆) ရက်နေ့အထိ ရက်သတ္တတစ်ပတ်ကြာဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)