ခရမ်း ဩဂုတ် ၁၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ မောင်းမကျေးရွာအုပ်စု မောင်းကွဲကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမီးလင်း ရေး ဆောင်ရွက် နေမှု နှင့် မီးလင်းရေး တင်ပြ ထားသည့် ကွင်းတဲစုများအား မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာန တာဝန်ရှိသူ များက ယမန်နေ့ နေလယ်က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှတိုး၊ ခရမ်းမြို့နယ် လျှပ်စစ် မန်နေဂျာ ဦးစိုးနိုင်ဦး၊ မြို့နယ်လမ်း ဦးစီးဌာန (SAE) ဦးအေးမျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ မောင်းကွဲကျေးရွာတွင် ကျေးရွာ မီးလင်းရေးအတွက် ဆောင်ရွက်နေမှု များအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ မီးလင်းရေးအတွက် တင်ပြတောင်းဆို ထားသည့် မောင်းမ အနောက်တောင်ကွင်း၊ မောင်းမအရှေ့ကွင်း၊ တံခွန်တိုင်(ညောင်ကြီးစု)နှင့် မောင်းမအရှေ့ တောင်ကွင်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကိုမင်း(ခရမ်း)