ကျိုက်ထို ဩဂုတ် ၁၀
ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံ ပြည်သူ များအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဩဂုတ် (၉)ရက်နံနက်ပိုင်းက မရမ်းချောင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
"သစ္စာစီမံချက်ဖြင့် အသက် (၁၈)နှစ်ပြည့်ပြီးသည့်ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာကော်မရှင် အဖွဲ့၀င်များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံ စေတနာရှင် Volunteer များနှင့်ပူးပေါင်း၍ အားကစားနှင့်ကျန်းမာရေး၀န်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ ယနေ့တွင် ကျေးရွာအုပ်စု(၃)စုဖြစ်သည့် မရမ်းချောင် ကျေးရွာ၊ မုက္ခမူကျေးရွာ၊ ကျောင်းရွာ ကျေးရွာတို့တွင် ဆောင်ရွက်ပေးမှာဖြစ်ပြီး ကျန်ရှိနေတဲ့ရပ်ကွက်/ကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်" ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဦးခင်မောင်စိုးထံမှသိရှိရသည်။
သန်းသန်းမော်(ပြန်/ဆက်)