တွံတေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လ၌ ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း စာစစ်ဌာနများ၌ ထုတ်ပြန်ကြေညာ

တွံတေး သြဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကို ယနေ့ နံနက် ၉ နာရီက သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများ တွင် ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခြား၍ (Social Distancing) အတိုင်း ကြည့်ရှုရ မည်ဖြစ်ကြောင်း၊ တွံတေးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူစုစုပေါင်း (၃၈၈၂) ဦး ဖြေဆိုခဲ့ရာ ဖြေဆိုအောင်မြင်သူ(၇၈၃)ဦး ရှိခဲ့ပြီး  ၂၀ ဒဿမ ၁၇ ရာခိုင်နှုန်း အောင်မြင့်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ သိရသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သုံးဘာသာ (၁၁)ဦး၊ နှစ်ဘာသာ(၂၂)ဦး၊ တစ်ဘာသာ(၁၀၇) ဦး ဂုဏ်ထူးထွတ်ရှိခဲ့ ကြောင်း သိရှိရသည်။

မျိုးလှိုင်(တွံတေး)