ဗိုလ်တထောင် ဩဂုတ် ၁၀
၂၀၂၀ပြည့်နှစ်မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကိုယနေ့ ဩဂုတ်လ (၁၀)ရက်နေ့တွင် ဗိုလ်တထောင် မြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင်ထုတ်ပြန်ထားရှိရာ အောင်မြင်သူ (၆၄၀)ဦးရှိပြီး အောင်ချက် ရာခိုင်နှုန်းမှာ(၅၃.၁၁) ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရှိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၄)နှင့် အမှတ်(၆)စာ စစ်ဌာနနှစ်ခုတွင် ဝင်ရောက် ဖြေဆိုသူ (၁၂၀၅)ဦး ရှိရာအောင်မြင်သူ(၆၄၀)ဦး ရှိပြီး၊ ဂုဏ်ထူးရရှိသူမှာ(၆) ဘာသာ(၅)ဦး၊ (၅)ဘာသာ (၁၉)ဦး၊ (၄)ဘာသာ(၃၂) ဦး၊ (၃)ဘာသာ (၅၅)ဦး၊(၂)ဘာသာ(၇၄)ဦး၊ (၁)ဘာသာ (၁၄၄)ဦး စုစုပေါင်း(၃၂၉)ဦးဂုဏ်ထူးရရှိပြီး ဝိပ္ပံဘာသာတွဲ တွင် အမှတ် (၅၁၆) မှတ်ဖြင့်တစ်နိုင်ငံလုံးတွင် အမှတ်အများဆုံးရရှိသူတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အဆင့်(၉) ရရှိသူတစ်ဦး တို့ပါရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရှိရသည်။
၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှထုတ်ပြန် ထားသော သတ်မှတ်ချက်များနှင့် အညီဗိုလ်တထောင်မြို့နယ် စာစစ်ဌာန(၂)ခုတွင် ထုတ်ပြန်ထားရှိကြောင်း အ.ထ.က(၆)စာစစ်ဌာနမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဆွေဆွေလှိုင်က ပြောကြား ခဲ့သည်။
သိန်းသိန်း(ဗိုလ်တထောင်)