လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၀ခုနှစ် အထွေထွေ‌ရွေးကောက်ပွဲအတွက်  နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ  သြဂုတ်  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အတွင်း၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရန်အတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးနိုင်ရန် သစ္စာစီမံချက်ဖြင့် မြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ အမှတ် (၁၅) ရပ်ကွက်၊ မဂ္ဂသစ္စာမိုးကုတ် ဓမ္မရိပ်သာတွင်  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အမှတ် (၁၅) ရပ်ကွက် အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီး မဲဆန္ဒရှင် စာရင်းတွင် ပါဝင်သော်လည်း နိုင်ငံသားစိစစ်ရေးကတ်မရှိသူ ပြည်သူ များအား စနစ်တကျ ကွင်းဆင်း  ပြုလုပ်ပေးသည်။

ထိုသို့ ကွင်းဆင်းပြုလုပ်ပေးရာတွင် လှိုင်သာယာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တိုက်နယ်မှူး ဒေါ်နှင်းအိဖြူ၊ Volunteer အဖွဲ့ဝင်များရယက အဖွဲ့ဝင်များနှင့် အမှတ်(၁၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်တို့ နှင့်အတူ ပူးပေါင်း၍ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး မဲဆန္ဒရှင်စာရင်းတွင် မဲပေးနိုင်ရန် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)