ရန်ကုန် ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့်ရေစီးရေလာ ကောင်းမွန်စေရေး တို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း မြို့နယ်စည် ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက တာမွေမြို့နယ် ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်ရှိ ယိုယွင်း ပျက်စီးနေသော စံပယ်လမ်း တစ်လျှောက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရ သည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ဆောင်ရွက်ပေးမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးကလည်း "ယခုလို ဆောင်ရွက် ပေးတာဟာ ရပ်ကွက်နေပြည်သူများအတွက်သာမက မိမိတို့မြို့နယ်အတွက်လည်းများစွာအကျိုးရှိတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလည်း ဖြစ်ပါတယ်။ ယခင်က ဒီလမ်းဟာယိုယွင်းပျက်စီးနေတာကြောင့် ရပ်ကွက်နေ ပြည်သူတွေအနေနဲ့ သွားရေး လာရေးတွင် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ ယခုလို မြို့နယ်စည်ပင်ဌာနက တာဝန်ရှိသူတွေအနေနဲ့ မြို့နယ်အတွင်းရှိ ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် ကွန်ကရစ် လမ်းကြီး ခင်းကျင်းပေးတဲ့အတွက်လည်း ကျေးဇူး အများကြီး တင်ရှိပါတယ်။ ဒီကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးသွားပါက ကျွန်မတို့ရပ်ကွက်နေပြည်သူ တွေ အနေနဲ့ ယခင်ကထက် သွားရေးလာရေးတွင် အဆင်ပြေ ချောမွေ့လာနိုင်လိမ့်မယ်ဆိုတာ ယုံကြည်မိပါတယ် " ဟု ပြောကြား သွားကြောင်း သတင်းရရှိပါသည်။
အဆိုပါ တာမွေမြို့နယ် ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်ရှိ စံပယ်လမ်းမှာ အလျား(၁၃၀)ပေ၊ အနံ(၂၀)ပေနှင့် ထု(၆)လက်မရှိပြီး ကွန်ကရစ်လမ်း အမျိုးအစားဖြစ်ကာ တိုင်းဒေသကြီးလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)