မင်္ဂလာဒုံမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ‌တွင် ၆ ဘာသာဂုဏ်ထူးရှင် (၁၃)ဦး အပါအဝင် (၂၀၉၂) ဦး ဖြေဆိုအောင်မြင်

မင်္ဂလာဒုံ ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းကစ၍ ပညာရေးဝန်ကြီးဌာန online website  များတွင် ထုတ်ပြန်ကြေညာ‌ခဲ့သည်။

မင်္ဂလာဒုံမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၆ ဘာသာဂုဏ်ထူးရှင် (၁၃)ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် (၂၆)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် (၄၄)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၇၅)ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် (၁၄၁)ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၃၉၈) ဦးနှင့် ရိုးရိုးအောင်မြင်သူ(၁၃၉၅)ဦး၊ ဖြေဆို အောင်မြင်သူ ကျောင်းသား(၈၉၀)ဦးနှင့် ကျောင်းသူ(၁၂၀၂)ဦး၊ အောင်မြင်သူ စုစုပေါင်း(၂၀၉၂) ဦး ရှိကာ ရာခိုင်နှုန်းအားဖြင့် ၃၂.၁၃% အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရှိရသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ    အောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းကစ၍ ပညာရေးဝန်ကြီးဌာန၏ online website  များ တွင် ထုတ်ပြန်ကြေညာ‌ပေးခဲ့သည့်အပြင် သြဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် လည်း မင်္ဂလာဒုံမြို့နယ်ရှိ သက်ဆိုင်ရာ ကျောင်း များ၌ ကပ်ထားကြေညာပေးမည်ဖြစ်ရာ လူအုပ်စုမဖြစ် ပေါ်ရေး၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခြား စီတန်းကြည့်ရှုနိုင်ရေးတို့ကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအဖွဲ့များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပူး‌‌ပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/ ကျောင်းသူများ နှင့် မိဘများကလည်း ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ လာရောက်ကြည့်ရှုနိုင် ကြောင်း သိရှိရသည်။

မြတ်သူဇာ(ပြန်/ဆက်)