ပန်းဘဲတန်း ဩဂုတ် ၁၀
ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်မှုရာခိုင်နှုန်း ၂၆.၁၉ ရာခိုင်နှုန်းဖြင့် အောင်မြင်ကြောင်း သိရှိရပါသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပန်းဘဲတန်းမြို့နယ်မှ ကျောင်းတွင်း ဖြေဆိုသူ (၉၁)ဦး၊ ပြင်ပဖြေဆိုသူ (၇၇)ဦး၊ စုစုပေါင်း (၁၆၈)ဦး ဖြေဆိုခဲ့ကြရာ အောင်မြင်မှုအနေဖြင့် ကျောင်းတွင်း ဖြေဆိုသူ (၂၃)ဦး၊ ပြင်ပဖြေဆိုသူ (၂၁)ဦး၊ စုစုပေါင်း (၄၄)ဦး အောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။
ပန်းဘဲတန်းမြို့နယ်အနေဖြင့် ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၅ ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် (၅)ဦး၊ ၁-ဘာသာဂုဏ်ထူးရှင် (၈)ဦး ရှိကြောင်း သိရှိရပါသည်။
နေခြည်(ပြန်/ဆက်)