သုံးခွမြို့နယ်လက်ပန်စံပြကျေးရွာတွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

သုံးခွ  ဩဂုတ်   ၁၀

ရန်ကုန်တောင်ပိုင်း ခရိုင်သုံးခွမြို့နယ်တွင် ကိုရီးယားနိုင်ငံ KOICA အဖွဲ့၏ ကူညီထောက်ပံ့မှု​​ဖြင့် (မြန်မာဆယ်မားအူးလ်အွန်ဒုံ) SMU ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကိုအကောင်အထည် ဆောင်ရွက်ခဲ့သော လက်ပန်စံပြကျေးရွာ၌ SMU ခန်းမဆောင်တွင် ယမန်နေ့ နံနက် ၉နာရီခွဲက စီမံကိန်း၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်ဖြင့်အိမ်မှာနေရင်းမိသားစု ဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။

အခမ်းအနားတွင် သင်တန်းတာဝန်ခံ ဦးမင်းကိုကိုဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အားပြောကြားခဲ့သည်။ အဆိုပါ သင်တန်း တွင် ဆေးဆပ်ပြာခဲနှင့်ဆပ်ပြာအ ရည်၊ခေါင်းလျှော်ရည်မျိုးစုံပြုလုပ်နည်း၊ ပါကင်ထုပ်ပိုးခြင်း၊ တံဆိပ်ကပ်ခြင်း၊ ကုန်အညွှန်း အမှတ် အသားကပ်ခြင်းစသည့် စျေးကွက်သို့ ရောင်းချသည့် အဆင့်ထိပြုလုပ်ပုံအဆင့်ဆင့် နည်းပညာများကို စာတွေ့ လက်တွေ့ဖြင့်သြဂုတ်လ၉‌ နေ့မှ ၁၀ရက်‌ နေ့အထိ နှစ်ရက်ကြာ သင်တန်းဆရာများကသင်တန်း ပို့ချပေးမည်ဟု​ သိရှိရပြီးသင် တန်းသား သင် တန်းသူ  ၁၅ဦး တက်ရောက်လျက်ရှိကြောင်းသိရှိရသည်။

စည်သူလင်း (ပြန်/ဆက်)