တိုက်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၃၆.၀၅) ရာခိုင်နှုန်းရှိ

တိုက်ကြီး ဩဂုတ် ၁၀

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ် ဦးစီးဌာန ဝက်ဘ်ဆိုက်များမှ တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာ တိုက်ကြီးမြို့နယ်တွင် ယမန်နှစ်ကထက် အောင်ချက်ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

တိုက်ကြီးမြို့နယ်တွင် အ.ထ.က ကျောင်း(၉)ကျောင်း၊ အ.ထ.က (ခွဲ)ကျောင်း(၁၀)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၈)ကျောင်းတို့မှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၄၆၈၅) ဦးတွင် အောင်မြင်သူပေါင်း (၁၆၈၉)ဦးနှင့် ၅ ဘာသာ ဂုဏ်ထူးရှင် ၃ ဦး၊ ၄ ဘာသာဂုဏ်ထူး ရှင် ၁၃ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၆ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၈၇ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၂၄၉ ဦးတို့ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၃၀၂၂)ဦးတွင် အောင်မြင်သူ(၉၀၈)ဦးရှိပြီး ပြင်ပဖြေဆိုသူ (၁၆၆၃)ဦးတွင် အောင်မြင်သူ (၇၈၁)ဦးရှိကြောင်းနှင့် အောင်ချက် ရာခိုင်နှုန်း ၃၆ ဒသမ ၀၅ ဖြစ်ကာ ယခင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ ၃၂ ဒသမ ၂၉ ဖြစ်ကြောင်း မြို့နယ် ပညာ ရေးမှူးရုံးမှ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)