စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ယခင်နှစ်ထက် အောင်ချက်တိုးလာပြီး အမှတ် အများ ဆုံး(ဝိဇ္ဇာဘာသာတွဲ) Top Ten စာရင်းဝင် ကျောင်းသားတစ်ဦးပေါ်ထွက်

မော်လိုက် သြဂုတ်  ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင် စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက Online မှထုတ်ပြန်ကြေညာခဲ့ရာ ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တစ်နိုင်ငံလုံး အမှတ် အများ ဆုံး(ဝိဇ္ဇာဘာသာတွဲ) Top Ten စာရင်းဝင် ကျောင်းသားတစ်ဦး ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။

မော်လိုက်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန သုံးခုဖြစ်သည့် အထက(မော်လိုက်)၊ အထက(ကင်းတပ်)နှင့် အထက(ပန်းသာ)တို့တွင် ကျင်းပပြုလုပ် ခဲ့ရာ ဖြေဆိုသူပေါင်း(၁၄၆၁)ဦး ပါဝင်ဖြေဆိုခဲ့ရာ တက္ကသိုလ် ဝင်စာမေးပွဲအောင်မြင်သူ စုစုပေါင်း (၅၁၉)ဦး ရှိခဲ့ပြီး၊ ဂုဏ်ထူးရကျောင်းသား/သူအနေဖြင့် တစ်ဘာသာ(၁၂၀)ဦး၊ နှစ်ဘာ သာ(၅၇)ဦး၊ သုံးဘာသာ(၈)ဦးနှင့် လေးဘာသာ(၁)ဦး စုစုပေါင်းဂုဏ်ထူးဖြင့် အောင်မြင်သူ ကျောင်းသား/သူ စုစုပေါင်း (၁၈၆)ဦး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

မော်လိုက်မြို့နယ်အနေဖြင့် ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း (၂၈ ဒဿမ ၇၃)ရာခိုင်နှုန်း ရှိခဲ့ရာ ၂၀၂၀ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ ( ၃၅ ဒဿမ ၅၂ )ရာခိုင်နှုန်း ရှိခဲ့သည့်အတွက် ယခင်နှစ် ထက် အောင်ချက်ရာခိုင်နှုန်း တိုးလာခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် အမှတ်အများဆုံး(ဝိဇ္ဇာဘာသာတွဲ) Top Ten စာရင်းဝင် ကျောင်းသားတစ်ဦး အနေဖြင့် အထက(ပန်းသာ)ကျောင်းမှ ပေါ်ထွက်ခဲ့ကြောင်း သိရသည်။

 မော်လိုက်သားလေး