မကွေးတိုင်းဒေသကြီးဆင်ပေါင်ဝဲမြို့၌မဲဆန္ဒရှင်စာရင်းများကြေညာထားမှုအားကျေးရွာများသို့ကွင်းဆင်းစစ်ဆေး

ဆင်ပေါင်ဝဲ  ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့တွင် ၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာထားခြင်းကို ယနေ့ နံနက်(၁၁) နာရီက ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးလင်းနှင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်တင့်နှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် စာရင်းများ ကြေညာကပ်ထားရာသို့ ကျေးရွာနေပြည်သူများလာရောက် ကြည့်ရှု ့နေမှုအခြေအနေ၊ မဲစာရင်းတွင်မပါရှိပါက ဆောင်ရွက်ပေး နေသည့်အခြေအနေ၊ အချက်အလက်မှန်/မမှန်စစ်ဆေးနေမှုနှင့် သတ်မှတ်ပုံစံဖြင့် ပြင်ဆင်ဆောင်ရွက် ပေးနေ ခြင်းများအား ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ဆင်ပေါင်ဝဲမြို့နယ်၌အမှတ်(၁)မဲဆန္ဒနယ်မြေတွင်မဲရုံပေါင်း(၆၃)ရုံ၊အမှတ်(၂)မဲဆန္ဒနယ်မြေတွင်မဲရုံပေါင်း(၆၇)ရုံ၊စုစုပေါင်းမဲရုံ ပေါင်း(၁၃၀)ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၉၀၀၀၀ကျော်ရှိကြောင်းသိရသည်။

အိဖြူဖြူမောင်(ပြန်/ဆက်)