ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်(၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်​ မြို့နယ်စီမံကိန်းလုပ်ငန်းများ အကောင်အထည်​ဖော်ရေး ကော်မတီ(၈/၂၀၂၀) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံတောင် သြဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် (/၂၀၂၀)လ အတွက် မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၏ လက်ရှိ ဆောင်ရွက်နေမှု ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန် ကျန်ရှိ နေမှုများ အတွက် လစဉ် ဆောင်ရွက်လျက်ရှိသော မြို့နယ် စီမံကိန်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ အချိန်က မြို့နယ် စည်ပင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအေးနိုင်က ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေးနှင့်လာမည့် ဘဏ္ဍာနှစ်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများအား စာရင်းပြုစုတင်ပြပေးပါရန် ပြောကြားပြီး အမှတ်(၁)တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးညီညီ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်တို့က မိမိတို့လွှတ်တော် ကိုယ်စားလှယ်များ ဌာနဆိုင်ရာများ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ဖွံ့ထောက်အဖွဲ့များ မြို့နယ်အတွင်းရှိ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အချိန်တိုအတွင်းဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်၍ ယခုလိုပဲ ဆက်လက် ပူး ပေါင်း ဆောင်ရွက်ကြပါရန် ဌာနဆိုင် ရာများအနေဖြင့်လည်း လိုအပ်ချက်များ ရှိပါကတင်ပြ ပေးကြပါရန်နှင့် လွှတ်တော် တွင်တင်ပြတောင်းခံပေးသွားမည် ဖြစ်ကြောင်း အသီးသီးအမှာ စကားများပြောကြား၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင် ကဆက်လက်ပြောကြား ရာတွင် ဘဏ္ဍာရေးနှစ်အတွင်း လုပ်ဆောင် ရန်ကျန်ရှိ နေသည့်လုပ်ငန်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများကလည်းအား ထည့်လုပ်ဆောင်ကြရန်နှင့် မိမိတို့မှလည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်၍ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ကဏ္ဍ အလိုက်   လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များတင်ပြကြရာ လွှတ်တော် ကိုယ်စားလှယ်များ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင် ဥက္ကဌ တို့ကသက်ဆိုင်ရာဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ရေမရရှိသေးသော အိမ်ထောင်စုများ အတွက်ရေရရှိရေး ​ဆောင်ရွက် ပေးမည်ဟု မြို့နယ်စည်ပင်ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)