ဘားအံ ဩဂုတ်လ ၁၀
ကရင်ပြည်နယ်၊ ဘားအံမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် (စက်ရက်ကန်း) ရက်ခတ်ခြင်းလက်တွေ့လုပ်ငန်းခွင်သင်တန်းကို ယနေ့နံနက် ၉နာရီခွဲက ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် သဘာဝချည်ထည်ဖြင့် ကရင်ရိုးရာစောင်များကို စက်ရက်ကန်းဖြင့် ရက်ခတ်ခြင်းကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသူ (၁၀) ဦးဖြင့် သင်တန်းကာလ (၂၄) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စက်ရက်ကန်းရက်ခတ်ခြင်း လက်တွေ့လုပ်ငန်းခွင်သင်တန်းကို ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ကော့ကရိတ်မြို့နယ် များမှ ကရင်တိုင်းရင်းသူများတက်ရောက်ကြပြီး သင်တန်းတက်ရောက်သူများကို နေ့တွက်စရိတ်လုပ်အားခ တစ်ဦးလျှင် တစ်ရက် ၄၀၀ဝိ/- နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဘားအံမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဧကရီ အောင်အောင်မှ ပြောကြားသည်။
စိုးစိုးအေး