ဖြူး ဩဂုတ် ၁၀
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများမှကပ်ထားလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖြူးမြို့အတွင်းတွင် မဲဆန္ဒရှင် စာရင်းကပ်ထားကြေငြာမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဆွေကျော် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးထွန်းလင်းနှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ တို့ကရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာဆောင်ရွက်ထားရှိမှုများ၊ ရပ်ကွက်နေပြည်သူများ လာရောက် ကြည့်ရှုနေမှု အခြေအနေ၊ မဲစာရင်းအချက်အလက်များ မှန်/မမှန်စစ်ဆေးခြင်းနှင့် သတ်မှတ်ပုံစံများ ပြင်ဆင် ဆောင်ရွက် နေမှု များ အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်း (ပထမ) အကြိမ်ကြေငြာ ကပ်ထားခြင်းကို (၁၄)ရက် ထပ်မံတိုးမြင့် ခဲ့ကြောင်း ပြည်သူများ သိရှိပြီး လာရောက်ကြည့်ရှု ကြစေလို ကြောင်း ဒါမှသာ ပြည်သူများအနေဖြင့် မဲစာရင်း အချက် အလက်များ မှန်/မမှန် ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်း ရေးမှူး ဦးထွန်းလင်းမှ မှာကြားခဲ့ကြောင်း သိရသည်။
မနွယ် (ဖြူး)