သုံးခွ ဩဂုတ် ၁၀
ရန်ကုန်တောင်ပိုင်ခရိုင်၊ သုံးခွမြို့နယ် အ.ထ.က(၁)မူလတန်းကျောင်းဆောင်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းအဆင့် (Grade 4) စတုတ္ထတန်း သင်ရိုးသစ် နောက်ဆက်တွဲသင်တန်းကို သြဂုတ်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ (Grade 4) စတုတ္ထတန်း သင်ရိုးသစ်နောက်ဆက်တွဲသင်တန်း ပြီးဆုံးသည့် ယနေ့ နံနက် ၉ နာရီတွင် အ.ထ.က(၁) ခန်းမဆောင်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များက သင်တန်းတက်ရောက်လာကြသော ဆရာ/ဆရာမများအား အခြေခံပညာမူလတန်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ကျောင်းသား/ကျောင်းသူများ အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် ရှောင်ရန်/ဆောင်ရန်များကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲ ပြီးဆုံးပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်အား မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်နှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဌေးနိုင် တို့က သင်တန်းသားများကိုယ်စား အတန်းမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Grade-4 စတုတ္ထတန်း သင်ရိုးသစ်သင်တန်းအား သင်တန်းနည်းပြ ၁၆ ဦးက တန်းခွဲ ၄ ခန်းတွင် သင်တန်းပို့ချ ပေးခဲ့ပြီး အဆိုပါ သင်တန်းသို့ PPTT/DTEd သင်တန်းဆင်း သုံးခွမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် တာဝန်ခန့်ထားပြီးသော ဆရာ/ ဆရာမ ၇၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြများက ဘာသာရပ် ၁၀ မျိုးကို သင်တန်းပို့ချပေးခဲ့ ကြောင်း သိရှိရသည်။
စည်သူလင်း ပြန်/ဆက်