သံတောင်ကြီး မတ် ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မပျံ့နှံစေရေးအတွက် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်သည့်အနေဖြင့် သံတောင်အဝင်နှင့် သံတောင်ကြီးမြို့ အဝင်အထွက် ဖြတ်သန်းသွားလာ လျက်ရှိသည့် ခရီးသည် ၊ ယာဉ် ၊ ဆိုင်ကယ် များအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သံတောင်ကြီးဒေသအား (COVID-19) မဖြစ်စေရေးအတွက် လူစုလူဝေး နှင့်ခရီးသွားများ မှ ဒေသခံများသို့ ရောဂါကူးစက်မှုမရှိစေရေးအတွက် သာမန်ဆောင်ရွက်နေသည့် ကုန်စည်စီးဆင်းမှုများ ကဲ့သို့သော ကိစ္စများမှ အပ ခရီးသွားဧည့်သည်များ ဝင်ရောက် လည်ပတ်မှုအား ကန့်သတ်ခြင်း ၊ မြို့ဝင်/မြို့ထွက်များအား အချိန်ကန့်သတ်ခြင်း ၊ ပသိချောင်းနှင့် နော်ဘူဘော ဆုတောင်းတောင်သို့ လာရောက်အပန်းဖြေခြင်း ၊ ရေကူးခြင်း ၊ လူစုလူဝေး ပြုလုပ်ခြင်းများ အား ကန့်သတ်ခြင်း ၊ ပသိချောင်း နှင့် နော်ဘူဘော ဆုတောင်းတောင်အား လာရောက် လည်ပတ်မှုများအား ယာယီပိတ်ထားခြင်းတို့အား အထူးကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နော်လော်မူ(ပြန်/ဆက်)