စမ်းချောင်း ဩဂုတ် ၁၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊စမ်းချောင်းမြို့နယ်၊ လင်း/လွန်း (တောင်)ရပ်ကွက်၊ Community Centre တွင် we love Yangon နှင့် we love Sanchaung ပရဟိတလူငယ်များအဖွဲ့တို့ပူးပေါင်းကာ မြို့နယ်အတွင်းရှိ အခြေခံအဆင့်မူလတန်းကျောင်းများမှ နွမ်းပါး ကလေး များအား ဩဂုတ်လ ၁၀၊ နံနက်(၁ဝး၃၀)အချိန်က အခြေခံစား သောက်ကုန်များကိုလှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင်ကလေးတစ်ဦးလျှင်ဆန်(၁၂)ပြည်နှင့်ဆီ၊ ခေါက်ဆွဲ၊ ကုလားပဲ စသည့်အခြေခံစားသာက် ကုန်များကို ကလေး(၁၀၀) ဦးအား အယောက်(၂၀)ဦးစီ အသုတ်ခွဲ၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်(၂) ဒေါ်တိုးတိုးခိုင်၊ we love Sanchaung ဥက္ကဋ္ဌ ဦးစိန်ထွေးနှင့် အဖွဲ့တို့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထူးထက်(ပြန်/ဆက်)