မှော်ဘီမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ပေါင်း ၁၁၂၇ ဦး တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်

မှော်ဘီ ဩဂုတ် ၁၀

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန် ကြေညာခဲ့ရာ ရန်ကုန်တိုင်းဒေသ ကြီး၊ မှော်ဘီမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၁၂၇ ဦး တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါစာမေးပွဲအတွက် ကျောင်းသား (၂၁၆၉)ဦး၊ ကျောင်းသူ (၂၄၃၂)ဦး စုစုပေါင်း (၄၆၀၁)ဦးဝင်ရောက် ဖြေဆိုခဲ့ကြပြီး ကျောင်းသား (၄၄၇)ဦး၊ ကျောင်းသူ (၆၈၀)ဦး စုစုပေါင်း (၁၁၂၇)ဦး အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

အောင်မြင်သူများတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၀ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၃၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၆၄ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၁၈၈ဦး စုစုပေါင်း ဂုဏ်ထူးရရှိသူ ၂၉၉ဦး ရှိခဲ့ပြီး တစ်မြို့လုံးအောင်ချက် ၂၄.၄၉% ရှိပြီး ယခင်နှစ်က ၂၃.၈၀% ရှိကြောင်း သိရသည်။

ကောင်းမြတ်သူ (ပြန်/ဆက်)