လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ရမည့် မဲဆန္ဒရှင် ပြည်သူများအား မဲစာရင်း သွားရောက်ကြည့်ရှု့ စစ်ဆေးကြရန် ယနေ့ နံနက်ပိုင်းက မြို့နယ် အတွင်းရှိ ရပ်ကွက် /ကျေးရွာများတွင် အသံချဲစက်ဖြင့် လှည့်လည်နှိုးဆော်သည်။
ထိုသို့လှည့်လည်နှိုးဆော်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် မဲပေးခွင့် ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲစာရင်းအား လာရောက်ကြည့်ရှု့စစ်ဆေးပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်လျှင် ပုံစံ(၃)ဖြင့် အမည် စာရင်း ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ အချက် အလက် များ မှားယွင်းနေပါက ပုံစံ(၄−ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ လိုအပ်သည့် ပုံစံများအား သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်မည်ဖြစ်ပြီး ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင် ခြင်းများ ဆောင်ရွက်ပြီးစီးပါက ၂၀၂၀ပြည့်နှစ် အောက်တိုဘာလတွင် နောက်ဆုံးအကြိမ် ထပ်မံကပ်ထား ကြေညာ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)