ရန်ကုန် ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အများပြည်သူများ အလွယ်တကူ ဆန္ဒမဲပေးနိုင်ရေး မြေညီထပ်တွင် မဲရုံများဖွင့် လှစ်ဆောင်ရွက်နိုင်ရေးအတွက် မဲရုံဆောင်ရွက် မည့် နေရာများသို့ ယနေ့နံနက် (၁၁)နာရီခွဲ အချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ မဲရုံဖွင့်လှစ်ဆောင်ရွက်မည့်နေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် တာဝန်ရှိ သူများ၊ မြို့နယ် အထွေထွေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမိုးဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင် များ သွားရောက်ကာ ၂၀၂၀ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် အများပြည်သူများ ဆန္ဒမဲ အလွယ်တကူပေးနိုင်မည့် မြေညီထပ်များတွင် မဲရုံများဖွင့်လှစ် နိုင်ရေး၊ မဲရုံများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးအတွက် မဲရုံဆောင်ရွက်မည့် နေရာများသို့ ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝင်းထက်ထက်အောင်