မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်နှင့် ပိုစတာများအား နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်

မြောက်ဥက္ကလာပ သြဂုတ် ၁၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ​မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်နှင့် ပိုစတာများအား ရုံးရှေ့မြေစိုက်ဘုတ်တွင် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ပြသဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မြေစိုက်ဘုတ်တွင် ပြည်သူများအတွက် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် အသိပညာပေး အကြောင်းအရာများဖြစ်သည့် ရပ်ကွက်များအလိုက် ပထမအကြိမ် ကပ်ထားကြေညာပေးသည့် မဲဆန္ဒရှင် စာရင်းများကို ကြည့်ရှုရေးနှိုးဆော်ချက်များ၊ ပထမအကြိမ် ကြည့်ရှုရက် (၁၄) ရက်အပြင် ဩဂုတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့ အထိ (၇) ရက်ထပ်မံတိုးမြှင့်သည့် ကြေညာချက်များနှင့် မဲဆန္ဒရှင်စာရင်း ကြည့်ရှုရာတွင် မိမိအမည်မပါဝင်ပါက ပုံစံ-၃ ဖြင့်လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ-၄ ဖြင့် ကန့်ကွက်ခြင်းဖြင့်လည်းကောင်း၊ မဲစာရင်း အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကိုလည်းကောင်း သိရှိနိုင်စေရေး ကြေညာချက်များကို ပြသဆောင်ရွက်ပေးခဲ့ရာ ပြည်သူများမှ လေ့လာကြည့်ရှုလျက်ရှိကြောင်း သိရှိရ သည်။

မြမြဝင်း (ပြန်/ဆက်)