ချောင်းဦး ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ခင်မွန်စခန်းနယ်မြေ ဘူတာကျေးရွာတွင် စွမ်းဆောင်ရည် မြှင့်တင်ရေးကဏ္ဍမှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ကျွဲ၊ နွား မွေးမြူရေးသင်တန်း၊ သိုး၊ ဆိတ် မွေးမြူရေး သင်တန်း၊ ဝက်မွေးမြူရေး သင်တန်းနှင့် ကြက်မွေးမြူရေး သင်တန်း များကို ယနေ့ နံနက် (၉) နာရီ အချိန်က ဘူတာကျေးရွာ SMU ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး မွေး/ကု ဦးစီးဌာနမှ ဒု-တိုင်းဦးစီးမှူး ဒေါက်တာဝင်းဗိုလ်နှင့် မုံရွာ ခရိုင်မွေး/ကု ဦးစီးမှူး ဒေါက်တာသောင်းစိန်တို့မှ အမှာစကားပြောကြားပြီး၊ ချောင်းဦးမြို့နယ် မွေး/ကု ဦးစီးမှူး ဒေါက်တာလှစိန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။
သင်တန်းတွင် ချောင်းဦးမြို့နယ် မွေး/ကုဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါက်တာငြိမ်းသီတာထူးနှင့် ဒေါက်တာဖူးပွင့်ကံ့ကော်ခင်တို့က သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ၃ ရက် သင်ကြားပေးမှာ ဖြစ်ကြောင်း၊ ဘူတာကျေးရွာ၊ပဲပြစ်တောကျေးရွာနှင့် အောင်ချမ်းသာ ကျေးရွာတို့မှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း (၈၀) ဦးအား တစ်အုပ်စုလျှင် ၂၀ ဦးစီဖြင့် စာတွေ့ လက်တွေ့ သင်ကြားပေးပြီး ကာကွယ်ဆေးများ ဖြန့်ဝေပေးမှာဖြစ်ကြောင်း၊ ချောင်းဦးမြို့နယ် မွေး/ကု ဦးစီးမှူး ဒေါက်တာလှစိန်က ပြောပြသည်။
သင်တန်းသို့ တိုင်းဒေသကြီး မွေး/ကု ဦးစီးဌာနမှ ဒု-တိုင်းဦးစီးမှူး ဒေါက်တာဝင်းဗိုလ်၊ မုံရွာ ခရိုင်မွေး/ကု ဦးစီးမှူး ဒေါက်တာသောင်းစိန်၊ ချောင်းဦးမြို့နယ် မွေး/ကု ဦးစီးမှူး ဒေါက်တာလှစိန်၊ ချောင်းဦးမြို့နယ် မွေး/ကု ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါက်တာငြိမ်းသီတာထူးနှင့် ဒေါက်တာဖူးပွင့် ကံ့ကော်ခင်၊ ဘူတာကျေးရွာ၊ ပဲပြစ်တောကျေးရွာနှင့် အောင်ချမ်းသာကျေးရွာ တို့မှ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ (၈၀) ဦး၊ စုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)