ပုဇွန်တောင် ဩဂုတ် ၁၀
ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်မှုရာခိုင်နှုန်း ၄၆.၇၆ ရာခိုင်နှုန်းဖြင့် အောင်မြင် ကြောင်း သိရှိရသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပုဇွန်တောင်မြို့နယ်မှ ကျောင်းတွင်း ဖြေဆိုသူ (၂၀၇)ဦး၊ ပြင်ပဖြေဆိုသူ (၂၁၀) ဦး၊ စုစုပေါင်း (၄၁၇)ဦး ဖြေဆိုခဲ့ကြရာ အောင်မြင်မှုအနေဖြင့် ကျောင်းတွင်း ဖြေဆို သူ (၉၃)ဦး၊ ပြင်ပဖြေဆိုသူ (၁၀၂)ဦး၊ စုစုပေါင်း (၁၉၅)ဦး အောင်မြင်ခဲ့ကြောင်း သိရှိရသည်။
ပုဇွန်တောင်မြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၅ ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် (၄)ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် (၃)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၁၅)ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် (၃၃)ဦး ရှိ ကြောင်း သိရသည်။
အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် နှင့်အညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နေခြည်(ပြန်/ဆက်)