အရာတော် ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေး လုပ်ငန်းများ အလေးထား ဆောင်ရွက်လျက်ရှိရာ အရာတော်မြို့နယ်၊ ပေါက်ပင်ဆိပ်ကျေးရွာတွင် ကျေးရွာလမ်းကို မြေသားလမ်းမှ ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် မြို့နယ် ဒေသဖွံဖြိုးရေး ယာဉ်နှင့် ယာဉ်ရန္တယား ပိုလျှံရန်ပုံငွေကျပ် သိန်း(၃၀)ပြည်သူထည့်ဝင် လှူဒါန်းငွေကျပ်သိန်း (၇၀)ကျော်ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ပေါက်ပင်ဆိပ်ကျေးရွာ ကွန်ဂရစ်လမ်းသည် အရှည်ပေ(၁၀၀၀)လမ်း အကျယ်(၁၂)ပေအမြင့် ကျောက်ရော မြေ(၈)လက်မထုရှိ ကွန်ဂရစ်လမ်းခင်းခြင်း ဆောင်ရွက်ရာ ပြီးစီးသွားပါက ဒုံဒစ်ကျေးရွာ၊ ဇရစ်ကျေးရွာများနှင့် ဆက်စပ်သွားလာနိုင်မည်ဖြစ်ပြီး ကျေးရွာ အတွက် ကုန်ထုတ်လမ်း အဖြစ် ပြောင်းလဲ ကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
သူရ(ပြန်/ဆက်)