သာယာဝတီခရိုင်တွင် ၂၀၁၉-၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ (၄၄၃၃)ဦးရှိ

သာယာဝတီ   သြဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်တွင် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း ကျင်းပခဲ့သည့် တက္ကသိုလ် ဝင်တန်း စာမေးပွဲကြီး ၏ အောင်စာရင်းကို သြဂုတ်လ ၉ရက်က ထုတ်ပြန်ကြေငြာခဲ့ရာ သာယာဝတီ ခရိုင်၌ အောင်မြင်သူ စုစုပေါင်း ( ၄၄၃၃) ဦးရှိပြီး ၂၉.၂၀% ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် မတ်လအတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးတွင် အတွဲ(၁) ( ၂၅၅၆) ဦး၊ အတွဲ(၂) (၇၇၇) ဦး၊ အတွဲ(၇) (၁၁၀၀) ဦး စုစုပေါင်း (၄၄၃၃)ဦး  အောင်မြင်ခဲ့ပြီး ငါးဘာသာ ဂုဏ်ထူးရှင် (၄)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၄၄)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၂၁၄)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၆၄၆)ဦး ထွက်ပေါ်ခဲ့ ကြောင်း သိရသည်။

သန့်ဇော်(ခရိုင်ပြန်/ဆက်)