မုဒုံ မတ် ၂၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊မုဒုံမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက COVID-19 ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် လူနာများအားကိုင်တွယ်ရာတွင်အသုံးပြုမည့် PPE ဝတ်စုံ အစုံ (၄၀) ကိုတာဝန်ရှိသူများက အလှူရှင်များကိုယ်စား မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာမြင့်သိန်းဦးထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် မတ်လ ၂၅ ရက်နေ့ နံနက် ၁၀နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံတွင် လိုအပ်လျက်ရှိသော Surgical Mask (၁၈၀၀)ခုနှင့် အပူချိန်တိုင်းကိရိယာ(၃၅)လုံး စုစုပေါင်း တန်ဖိုးငွေ (၄၁၆၂၀၀၀) ကျပ်အား မုဒုံမြို့နယ် COVID-19 ကာကွယ်ရေးအထောက်ကူပြုအသင်းမှ မြို့နယ်ပြည်သူ့ဆေးရုံတွင်သို့ သွားရောက်လှူဒါန်းကာ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာမြင့်သိန်းဦးက လက်ခံခဲ့သည်။
အလားတူပင် ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် Hello MD လူငယ် ပရဟိတအဖွဲ့တို့ပူပေါင်း၍ PPE ၀တ်စုံ အစုံ (၂၀) တန်ဖိုးငွေ(၆၆၀၀၀၀)ကျပ် ကိုလာရောက် လှူဒါန်းထားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)