မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ ကွင်းဆင်းစစ်ဆေး

ရန်ကုန် သြဂုတ် ၁၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသ ကြီးအစိုး ရန်ပုံငွေဖြင့် ရပ်ကွက်(၂၀)တွင် သက်ဆိုင်ရာရပ်ကွက်များအလိုက် လမ်းခင်းခြင်း၊ ရေမြောင်းနှင့် မြောင်းအဖုံးများ ဆောင်ရွက်ခြင်းနှင့် နောက်ဖေးလမ်းကြားပန်းဥယျာဉ်များ အကောင်အထည်ဖော်ခြင်း စသည့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များကို  ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို အမှတ်() တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။   

ထိုသို့ဆောင်ရွက်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက် နောင်ရိုးလမ်းနှင့် သုံးမြှောင့် လမ်း၊ ကန်တောင် ရပ်ကွက် (၉၁)လမ်းနှင့် (၉၂)လမ်း၊ သိမ်ဖြူလမ်းနှင့် (၉၄)လမ်းတို့၏ နောက်ဖေးလမ်း ကြားများအား ကွန်ကရစ်လမ်း ခင်းခြင်းနှင့် ရေမြောင်းနှင့် မြောင်းအဖုံးများခင်းခြင်း လုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေးနှင့် သတ်မှတ် အရည်အသွေးများ ပြည့်မီစေရေးတို့အတွက် စစ်ဆေးဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာ ရပ်ကွက်များမှ လမ်း သာယာရေး အဖွဲ့များက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)