မြောက်ဥက္ကလာပ ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် ကွန်ကရစ် လမ်းခင်းရာ နေရာသို့ ယမန့်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ကွင်းဆင်း ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်ဆင်းရာတွင်(ဃ)ရပ်ကွက်၊ နွယ်နီ(၄)လမ်းတွင်ဆောင်ရွက်လျက်ရှိသည့် လမ်းအရှည် ၆၆၂ ပေ၊ အကျယ်၁၈ ပေ၊ ထု ၆လက်မ ရှိကွန်ကရစ်လမ်းခင်းကျင်းနေမှုအား ကြည့်ရှုခဲ့ပြီး အဆိုပါ လမ်းခင်းခြင်းလုပ်ငန်းကို မြောက်ဥက္ကလာပ မြို့နယ် အမှတ် (၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၊ မြို့နယ်စည်ပင်မှ တာဝန်ရှိသူများ၊ (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များပူးပေါင်း၍ ချိုင့်ခွက်များ၊ ရွှံ့ဗွက်များဖြင့်မိုးတွင်းကာလ ရေဝပ်ခြင်းများကြောင့် ဆိုင်ကယ်များ၊ ကားများနှင့် လမ်းသွား/လမ်းလာများ သွားလာရေးလွယ်ကူ ချောမွေ့စေရန် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း ဖြစ်ရာ လမ်းခင်းကျင်းဆောင်ရွက် နေမှုအားသတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အရည် အသွေး ကောင်းမွန်စေရေး၊ အချိန်မီပြီးစီးရေးတို့ကို တာဝန်ရှိ သူများက အနီးကပ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)