ကြည့်မြင်တိုင် ဩဂုတ် ၁၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက်ပိုင်းက သာဓုပရိ ယတ္တိစာသင်တိုက်၊ အောင်သုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဝင်းက မဲစာရင်းများ တိကျ မှန်ကန်မှု ရှိစေရေးနှင့် ရွေးကောက်ပွဲ ကျင်းပရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ကြရန်တို့ကိုဆွေးနွေးပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဆွေကလည်း မဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့် ရရှိရန်၊ မဲပေးခွင့် ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် များ ဌာနဆိုင်ရာ များနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များကလည်း အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)