ဒီပဲယင်း သြဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ကြခတ်ကျေးရွာ အဆင့်မြင့်လယ်ယာမြေတွင် တောင်သူ ဦးမြင့်သောင်း ထွန်းလယ်မြေ (၅) ဧက မိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကွင်းသရုပ်ပြပွဲတွင် အမှတ်၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းက မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် ရေဦးမြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်က ကောက်စိုက် စက်ဖြင့် စိုက်ပျိုးရခြင်း အားသာချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဆည်မြောင်းနှင့် ရေအသုံးချရေး ဦးစီးဌာန တည်ဆောက်ရေး ၄ မှ တာဝန်ခံ အင်ဂျင်နီယာ ဦးနိုင်ဦးက ကြခတ်ကျေးရွာ အဆင့်မြင့်လယ်ယာမြေဖော် ဆောင်ရာတွင် JICA (ODA Loan) အစီအစဉ်ဖြင့် ရေဦးမြောင်းမတော် လက်တံ ၁၅ က ကွင်းအမှတ် ၁၇၄၃ တောင်သူ ၆၀ ဦး လယ်မြေဧက ၁၈၀ ကို အဆင့်မြင့် လယ်ယာမြေ ဖော်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ စပါးခွံဖြင့်စူပါဘိုကာရှီ ပြုလုပ်သုံးစွဲနည်းကို လက်တွေ့ပြုလုပ်ပြသပြီး အဆင့်မြင့်လယ်ယာမြေအတွင်း ကောက်စိုက် စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို တက်ရောက်လာသော ဌာနဆိုင်ရာများ တောင်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြေင်း သိရသည်။
သိန်းထွန်း(ဒီပဲယင်း)