ကလေး ဩဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကံပုလဲကျေးရွာအုပ်စု၊ နှောညောင်ပင်ကျေးရွာတွင် ဧရာမင်း မျိုးသန့်စပါး (RS-CS) မျိုးအဆင့် စိုက်ပျိုး ခြင်းကို ယနေ့နံနက်ပိုင်းက တောင်သူဦးညွန့်လွင်၏ လယ်မြေအတွင်းတွင် စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ စိုက်ပျိုးကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာကြသည့် တောင်သူလယ်သမားများကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-လက်ထောက်ဦးစီးမှူး ဦးဝင်းမင်းဦးနှင့် ဝန်ထမ်းများက စိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးခြင်း၊ မျိုးစေ့ပျိုးထောင်ရာတွင် သိရှိရမည့်အချက်များ ၊ မျိုးထုတ်ကွက် စိုက်ပျိုးခြင်းများကို လက်တွေ့ပြသဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
ထန်းဖုန် (ပြန်/ဆက်)