ဒေါပုံမြို့နယ်တွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေး ပြုလုပ်

ဒေါပုံမြို့နယ်  ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့ နယ်၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေးကို ယမန်နေ့ နေ့လည် (၂)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးတွင် ဒေါပုံမြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက အဖွင့်အမှာစကားပြောကြားပြီး  အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဟန်စိုးက နောက်ဘဏ္ဍာနှစ် လုပ်ငန်းများ လျာထားရာ၌အုတ်စီရေမြောင်းများပြုလုပ်ရာတွင် ဆက်စပ် လျက်ရှိသော အဓိကရေမြောင်းများကို ဦးစားပေးလျာထားတင်ပြရန်စသည့် ကိစ္စရပ်များနှင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုလည်း အကြံပြုဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်တင်မိုးမိုးအေးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးပေးခဲ့ပြီး တက်ရောက် လာသော ဌာနဆိုင်ရာအကြီးအကဲ အသီးသီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူးက အစည်းအဝေး တင်ပြချက်များအား ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အားလုံးပေါင်းစပ် ဆောင်ရွက်မှ သာ မြို့နယ်ဖွံဖြိုး တိုးတက်မည်ဖြစ်ကြောင်း နိဂုံးချုပ်ပြောကြားခဲ့သည်။

သဲစုစုလွင်(ပြန်/ဆက်)