ရန်ကုန် ဩဂုတ် ၁၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၊ (၅)ခန်းတွဲ ဓမ္မာရုံ၌ ဘီတာမင်(အေ) တိုက်ကျွေး ခြင်း၊ ဝမ်းလျှောဝမ်းပျက်ကာကွယ်ဆေး တိုက်ကျွေးခြင်းတို့ကို ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိခင်နှင့်ကလေး အဖွဲ့ဝင် များ က ယနေ့ နံနက်(၉)နာရီအချိန်က တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဘီတာမင်ဆေးများ တိုက်ကျွေးအပြီးတွင် သွေးလွန်တုပ်ကွေးမဖြစ်ရန် ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေး ဟောပြောခြင်း၊ ရေတွင်းရေကန်များအား အဘိတ်ဆေးများခတ်ခြင်း၊ ရေစီးရေလာကောင်းအောင် ရေမြောင်းများအား ဆောင်ရွက်ခြင်း တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ပရဟိတအဖွဲ့များက စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)