ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူ (၁၅၂၉)ရှိပြီး ဂုဏ်ထူးရရှိသူ(၃၁၈)ဦးရှိ

 ဒဂုံတောင် သြဂုတ် ၁၁

၂၀၁၉-၂၀၂၀ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှ (၁၅၂၉)ဦး အောင်မြင်ပြီး ဂုဏ်ထူး ရရှိသူ (၃၁၈)ဦးရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ၅ ဘာသာဂုဏ်ထူးရှင် (၈)ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် (၁၄)ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် (၃၂)ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် (၇၀)ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၁၉၄)ဦး အပါအဝင် အောင်မြင်သူပေါင်း ၁၅၂၉ ဦး ရှိရာ ရာခိုင်နှုန်းအားဖြင့် ၂၄.၇၃% အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၁)ခုတို့တွင် ကျောင်းဖြေ(၃၇၀၇) ဦးနှင့် ပြင်ပဖြေ (၂၄၇၅)ဦး စုစုပေါင်း(၆၁၈၂)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။

သက်မင်းဟန်(ဒဂုံတောင်)