ရန်ကင်းမြို့နယ်တွင် ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကင်း ဩဂုတ် ၁၁

ကလေးငယ်များအား ဗီတာမင်အေပြည့်ဝပြီး ကျန်းမာသော ကလေးငယ်များ ဖြစ်နိုင်ရေးအတွက်  အသက် (၆)လမှ (၅)နှစ် အတွင်း ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေးခြင်းနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်အရှေ့ ပိုင်းခရိုင် ရန်ကင်းမြို့နယ် အမှတ်(၁၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဗီတာမင်အေပြည့်ဝသော ကလေးများသည် ပုံမှန်ကြီးထွားဖွံ့ဖြိုးခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်း၊  မျက်စိအမြင်အား ကောင်းခြင်း၊ ဗီတာမင်အေ ချို့တဲ့သော ကလေးများသည် ပုံမှန်မကြီးထွားနိုင်ခြင်း၊ မကြာခဏဖျားနာတတ်ခြင်း၊ ရောဂါဖြစ်လျှင် ပြင်းထန် ပြီး အသက်အန္တရာယ် ကြုံတွေ့နိုင်ခြင်း၊ ကြက်မျက်သင့်ရောဂါ ဖြစ်တတ်ခြင်းနှင့် အပြင်တိမ်စွဲ၍ မျက်စိကွယ် တတ်ခြင်း စသည့် ရောဂါများ ဖြစ်နိုင်ကြောင်း သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)