ပန်းတောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများခုနှစ်ရက်တိုးမြှင့်ကပ်ထားကြော်ငြာ

ပန်းတောင်း   သြဂုတ်  ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း များကိုသတ်မှတ် ပုံစံအတိုင်းသက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများ၌ ပြည်သူများလာရောက်ကြည့်ရှုနိုင်ရေး ပထမအကြိမ်အဖြစ် ဇူလိုင်လ (၂၅)ရက်နေ့မှ သြဂုတ်လ ()ရက်နေ့အထိ ကပ်ထားကြေငြာထားလျက်ရှိရာ သြဂုတ်လ () ရက်မှ (၁၄)ရက်အထိ နောက်ထပ် ()ရက် ထပ်မံတိုးမြှင့်ကပ်ထားကြေငြာထားကြောင်းသိရသည်။

မဲဆန္ဒရှင်စာရင်းကို ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု ကန့်ကွက်မှု၊ ပြင်ဆင် မှုများ ဆောင်ရွက်နိုင်ရန်အတွက် အချိန်ပိုမိုရရှိစေရန် ရည်ရွယ်၍ ရက်ထပ်မံတိုးမြှင့်ကပ်ထား ကြေငြာခြင်းဖြစ်ပြီး ပန်းတောင်း မြို့နယ်အတွင်း ရပ်ကွက်()ခု နှင့်ကျေးရွာအုပ်စု (၄၁)အုပ်စုရှိ၍ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မဲရုံပေါင်း(၁၃၅)ရုံရှိကာ၊ အသက်(၁၈) နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူဦးရေ(၁၁၃၆၇၇) ဦး ရှိကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာထားရှိမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက ကွင်း ဆင်းကြီးကြပ်ပြီး ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်ပါ၊ မပါ ကိုယ်ရေးအချက်အလက်များ ပြည့်စုံ မှန်ကန်မှု ရှိ၊ မရှိကို လာရောက်ကြည့်ရှုကြရေး နှိုးဆော်မှုများနှင့် ဆန္ဒမဲပေးပိုင်ခွင့်သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သင်းသင်းအေး (ပြန်/ဆက်)