ရန်ကင်း ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရန်ကင်း မြို့နယ်တွင် ရပ်ကွက် ၁၅ ရပ်ကွက် ရှိရာ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၅၀၀၀၀) ကျော် အထိရှိကြောင်း နှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ရန်ကင်း မြို့နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိမြို့နယ် များတွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ နံနက် ၇ နာရီမှ ည ၉ နာရီအထိ သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် နှစ်ပတ်ကြာ ကပ်ထား ကြေညာပေးသွားမည်ဖြစ်သော်လည်း ယခုအခါမဲဆန္ဒရှင်ပြည်သူများ ပိုမိုကျယ်ပြန့်စွာ သိရှိ၍ မဲပေးမှု အခွင့်အရေးများ မဆုံးရှံးစေရန် အတွက် ရက်ထပ်တိုး၍ ကြေငြာပေးလျက်ရှိ ကြောင်းသိရှိရသည်။
အဆိုပါမဲစာရင်းကပ်ထားခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များလိုက်လံကြည့်ရူ စစ်ဆေး ခဲ့ကြပြီး လုပ်ငန်းလိုအပ်ချက် များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဝေဝေ(ပြန်/ဆက်)