ပန်းတောင်း သြဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျေးရွာ(၈)ရွာအား ရန်ပုံငွေ လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြား ရေးမှူး ဦးသိန်းထိုက်ဦး၊ ပန်းတောင်းမြို့နယ် ကျေးလက်ဦးစီးမှူး ဦးထွန်းသန်းဇော်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မတီဝင်များအား ကျေးရွာများ မတည်ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။
ယင်းနောက် လွှဲပြောင်းပေးအပ်ရရှိသော ကျေးရွာ (၈)ရွာ ၊ မတည်ရန်ပုံငွေ သိန်း (၂၀၀၀) ကျပ်ကို ကျီးတောအုပ်စု ၊ ရှားဇီးဖို ကျေးရွာ ၊ ရွှေဘုံသာအုပ်စု၊ ညောင်ပင်သာကျေးရွာ၊ စမ်းဝအုပ်စု၊တောမကျေးရွာ ၊ တလုပ်ပင်အုပ်စု ရေတွင်းလှကျေးရွာ၊ ညောင်ပင်အုပ်စု အထက်တောမကျေးရွာ ကျေးရွာ တစ်ရွာလျှင် မတည်ရန်ပုံငွေ သိန်း (၃၀၀)ကျပ် ကိုလည်းကောင်းကျေးရွာ (၅)ရွာ အတွက် သိန်း (၁၅ဝဝ)ကိုလွှဲပြောင်းပေး၍ သော်လည်းကောင်း မကျီးထုံးအုပ်စု ဆင်ကူးကျေးရွာ၊ တောင်ပို့ကြီးအုပ်စု မှန်ကုန်းကျေးရွာ၊ တစ်ရွာလျှင် သိန်း(၂၀၀)ကျပ် ကို နှစ်ရွာအတွက် သိန်း (၄၀၀)ကိုသော်လည်းကောင်း၊ ကျွန်းမီးအုပ်စု အိုးဘိုကုန်းကျေးရွာသိန်း (၁၀၀)ကျပ် ၊ စုစုပေါင်း သိန်း(၂၀၀၀) ကျပ်တို့အား ကျေးရွာမတည် ရန်ပုံငွေဖြင့်အသီးသီး လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် ကျေးရွာများ မတည်ရန်ပုံငွေ စီမံကိန်း ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲအခမ်း အနားသို့ အင်အား (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
သင်းသင်းအေး (ပြန်/ဆက်)