စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊တုံဟဲကားလမ်း‌ဘေးချောက်ထဲ၌ ချောင်းရေ တိုက်စားရာမှ ရှေးဟောင်းအုတ်နီခဲများ အလျားပေ ၂၀ ခန့်ပေါ်ထွက်

မြို့သစ် ဩဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ရွာဟောင်းနှင့်‌ ကျောက်စက်ကြား၊ တုံဟဲ ကားလမ်း ဘေး‌ချောက် တနေရာတွင် ချောင်းရေ တိုက်စားရာမှ ရှေးဟောင်းအုတ်နီခဲဟု ယူဆရ သည်များ အလျားပေ ၂၀ ခန့် ပေါ်ထွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါနေရာကို သနန်ကျေးရွာသားများ တောထဲသို့ မျှစ်ရှာသွားရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ တုံဟဲ ကားလမ်းဘေးကနေ ချောက်ထဲသို့ ဆင်းသွားရပြီး ချောက်ထဲ၌ မြေပြန့်နှင့် ချောင်းလေးရှိကြောင်း၊ မိုးရွာ သွန်း၍ ချောင်းရေတိုက်စားမှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အလျားပေ ၂၀ ခန့် မြင်တွေ့ခဲ့ရ ကြောင်း၊ အုတ်နှစ်ချပ်ထပ်ခင်းထားပြီး အုတ်အရွယ်အစားက တစ်ပေပတ်လည်ခန့် ရှိကြောင်း၊ အုတ်က အစိုဓတ်ဖြင့်ပွနေပြီး ကိုင်တွယ်လို့မရကြောင်း၊ ၎င်းအုပ်ချပ်များအပေါ်၌ မြေကြီးနှစ်ပေခန့် ဖုံးအုပ်နေ ကြောင်း၊ ရှေးခေတ်ဘုရင်တွေ စစ်ပုန်းခဲ့သည့်နေရာလို့ ယူဆမိ ပါကြောင်းနှင့် တောထနေပြီး လေးဘက်လေးတန် တောင်တွေကာရံထားတဲ့ နေရာလေးဖြစ်လို့ လုံခြုံသလိုဖြစ်နေပါကြောင်း လေ့လာကြည့်ရှုခဲ့ သည့် သနန်တောင်ပေါ်တောရ ကျောင်းဆရာတော်က မိန့်ကြားသည်။

ရှေးဟောင်းအုတ်နီခဲဟုယူဆရသည့် အဆိုပါနေရာကို သနန်ကျေးရွာနှင့် ၂ မိုင်ခန့်အကွာ သနန်ရွာ ဟောင်းနှင့် ကျောက်စက်ကြား၊ တုံဟဲ ကားလမ်းဘေး ချောက်ထဲ၌ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)