အုတ်ဖိုမြို့တွင် (၆)လမှ (၅)နှစ်အရွယ်ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေး

အုတ်ဖို သြဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ အ.လ.က ချမ်းမြသာမြေတွင် အဟာရရက်သတ္တပတ် အဖြစ် (၆)လမှ (၅)နှစ်အရွယ် ကလေးငယ် များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါ်သက်သက်အေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က စုပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်မှုတွင် ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအတွက် အာဟာရ ပြည့်မီခြင်း ရှိ/မရှိ လက်မောင်း ပတ်တိုင်းတာပေးခြင်း၊ ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းများ၊ ကိုယ်ဝန်ဆောင် မိခင်များအား သံဓာတ်အားဆေး တိုက်ကျွေးခြင်း၊ အိုင်အိုဒင်း ဆား စစ်ဆေးပေးခြင်းနှင့် မိခင်နို့တိုက်ကျွေးရေး ပညာပေး ဆောင်ရွက်ပေးကြောင်း ဒေါ်သက်သက်အေးထံမှ သိရသည်။

အောင်သူ(အုတ်ဖို)