ပေါင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၅ လုံးအမိုးလန်ခြင်းနှင့် သစ်ပင်သစ်ကိုင်များ လဲကျမှုဖြစ်ပွား

ပေါင်၊ ဩဂုတ်၊ ၁၁

သထုံခရိုင် ပေါင်မြို့နယ်တွင် မိုးအဆက်မပျက်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဩဂုတ် ၁၀ ရက် ည ၁၀ နာရီခွဲခန့်က မြို့ပေါ် ရပ်ကွက်နှစ်ခုရှိ နေအိမ်နှင့် ဌာနဆိုင်ရာအဆောက်အဦအမိုးလန်ခြင်း၊ သစ်ပင်လဲကျခြင်းများ၊ ဓါတ်မီးတိုင်ကျိုးကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ကဒါရပ်ကွက်အတွင်းရှိ နေအိမ် ၉ လုံး၊ လမ်းဦးစီးဌာနအ‌ေဆာက်အဦ နှစ်လုံးမှ အမိုးလန်ခြင်းနှင့် အုတ်ခြံစည်းရိုး(၁၀)ပေခန်း တစ်ခန်းအပေါ် သစ်ပင်ကျိုးကျပျက်စီး၊  ကြက်/ဘဲခြံပြိုကျခြင်း၊ သစ်ပင်(၅)ပင် လဲကျခြင်း၊ အားကစားကွင်း မုဒ်ဦးပြုတ်ကျခြင်းများဖြစ်ပွားခဲ့သည့်အပြင် ပေါင်းရပ်ကွက်အတွင်းရှိ  နေအိမ် ၁၆ လုံးနှင့်  စပါးကျီ အမိုးလန်ခဲ့ခြင်း၊ ဓါတ်မီးတိုင် ကျိုးကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်ပွားရာနေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ လျှပ်စစ်ဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမူကူညီရေးအသင်းအဖွဲ့များတို့က ရှင်းလင်း ရေးလုပ်ငန်းဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်မှု မရှိဘဲ  ကြက်/ဘဲခြံ ပြိုကျမှုကြောင့် ကြက်၊ ဘဲ အနည်းအငယ်သေဆုံးခဲ့ကြောင်း သိရသည်။

ဝင်းမင်းသန်း(ပြန်/ဆက်)