တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေညာ

ရန်ကုန်     ဩဂုတ်    ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင် စာရင်းများကို ဩဂုတ်လ ရက်နေ့မှစ၍ ပညာရေးဝန်ကြီးဌာန အွန်လိုင်း ဝက်ဘ်ဆိုက်များမှ ထုတ်ပြန်ကြေ ညာခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများနှင့် အခြေခံပညာကျောင်းများမှ တာဝန်ရှိသူများပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ လာရောက်ကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းများကို အွန်လိုင်းဝက်ဘ်ဆိုက်မှ ကြည့်ရှုသူများပြား သည့်အတွက် မိမိတို့ကျောင်းတွင် ကြေညာထားသော အောင်စာရင်းများအား လာရောက်ကြည့်ရှုသူနည်းပါးကြောင်း အမှတ်() အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီးထံမှ သိရှိရသည်။

နေထက်အောင်