ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်း ဆောင်ရွက်

ရန်ကုန် ဩဂုတ် ၁၁

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း မြို့နယ်အသီးသီးမှ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်းလွှာများစိစစ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ၁၁-၈-၂၀၂၀ ရက်နေ့မှ ၁၇-၈-၂၀၂၀ ရက်နေ့အထိ သက်ဆိုင်ရာ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကိုယ်စားလှယ် လောင်းများ စိစစ်ရာ၌ ကော်မရှင်အဖွဲ့ဝင်များက အဖွဲ့(၃)ဖွဲ့ခွဲ၍ တစ်ရက်လျှင်(၅၀)ဦးနှုန်းဖြင့် စိစစ်လျက် ရှိသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရန်ကုန် အရှေ့ပိုင်းမှ ရွေးကောက်ပွဲတွင်အမည်စာရင်းတင်သွင်းထားသော ပါတီ(၂၇)ဖွဲ့နှင့် တစ်သီးပုဂ္ဂလတို့မှ ဝင်ရောက်ယှဉ်ပြိုင် သူ ကိုယ်စားလှယ်လောင်း စုစုပေါင်း(၃၀၃)ဦး၏ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်တင့်ထွန်း (ပြန်/ဆက်)