အုတ်ဖို သြဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ စက်မှုလယ်ယာဦးစီးဌာန အစည်းအဝေးခန်းမတွင် တောင်သူ လယ်သမားများ လယ်ယာသုံး စက်ကရိယာများ စနစ်တကျ ကိုင်တွယ်အသုံးပြုတက်စေရန်ရည်ရွယ်၍ (၁/၂၀၂၀) လယ်ယာသုံး စက်ကရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဇော်မင်းမှ အဖွင့်အမှာစကားပြောကြားကာ သာယာဝတီခရိုင် စက်မှု လယ်ယာဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးဝင်းဇော်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ထို့နောက် အုတ်ဖိုမြို့နယ် စက်မှုလယ်ယာ ဦးစီးမှူး ဦးဝင်းမင်းထွန်းမှ သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းကို သင်တန်းသား (၃၀) ဦးဖြင့် သင်တန်းကာလ (၁၀)ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ် ကြောင်း မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ သိရသည်။
အောင်သူ(အုတ်ဖို)