မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လုံးပတ်၁၈ပေရှိ သက်တန့်ရင့် ညောင်ပင် ပြိုလဲ

ဘီးလင်း ဩဂုတ် ၁၁

သထုံခရိုင်၊ဘီးလင်းမြို့နယ် မုသင်ကျေးရွာအုပ်စု ၊သာယာကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (သာယာကုန်း ကျေးရွာ-မုသင်ကျေးရွာ-‌ဇုတ်သုတ် ကျေးရွာ) ရွာချင်းဆက် လမ်းမပေါ်သို့ သက်တမ်းရင့်ညောင်ပင်ကြီးတစ်ပင်မှာ ယနေ့ နံနက်ပိုင်းက ပြိုလဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါသစ်ပင်ပြိုလဲရာသို့ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဝေယံအောင်နှင့်သန္ဓေမီးတပ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ က လုံးပတ်၁၈ပေနှင့် အရှည် ၃၅ ပေခန့်ရှိ ညောင်ပင်ကြီးအားသွားရောက် ခုတ်ထွင်ရှင်းလင်းခဲ့ကြသည်။ ယင်းသစ်ပင် ကြီး အားရှင်းလင်းရာတွင် ပရဟိတလူမူကူညီရေးအဖွဲ့ဝင်များ၊ကျေးရွာပြည်သူများပူးပေါင်းပါဝင် ရှင်းလင်းပေး ခဲ့ကြပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။

 ထူးနောင် (ပြန်/ဆက်)