ကျိုက်ထို ဩဂုတ် ၁၁
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း(VRFP)ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ၃နာရီ တွင်အဆိုပါ ဦးစီးဌာန၌ပြုလုပ်ခဲ့သည်။
ယင်းသို့ပေးအပ်ရာတွင် သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းညွှန်ကြား ရေးမှူးဦးမိုးဝင်းက ကျေးရွာ စီမံကိန်း (VRFP)လွဲပြောင်းပေးအပ်ရာတွင် ကျေးရွာကော်မတီဝင်များ၏တင်ပြလာသည့် လုပ်ငန်းများ အပေါ်ပေး ရသည့် အတွက်အနည်းအများကွာဟမှုရှိကြောင်း၊ ရရှိလာသည့်ငွေများ ကိုကော်မတီဝင်များအနေဖြင့် ဘက်လိုက်မှု ကင်းပြီး လုပ်ငန်းကြီး၊ လုပ်ငန်းသေးများကိုခွဲခြားရှင်းပြပေးဖို့ လိုကြောင်း၊ မိမိတို့စီမံကိန်းမှတာဝန်ရှိသူများအနေဖြင့် လည်းလုပ်ငန်း ဆောင်ရွက် နေမှုများကိုကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်းတို့ကို ပြောကြားပြီး သထုံခရိုင်စီမံကိန်းညွှန်ကြားရေးမှူး ဦးမိုးဝင်း၊ မြို့နယ် စီမံကိန်း ဦးစီးအရာရှိ ဒေါ်ခင်ဇော်လတ်နှင့်ဧည့်သည်တော်များက ကဒိုင်ဒွတ်ကျေးရွာအုပ်စု မဲရုံကြီး ကျေးရွာအား ငွေကျပ်သိန်း(၃၀၀)ကိုလည်းကောင်း၊ စွပ္ပနူးကျေးရွာအုပ်စု ကျောက်ရေကန်ကျေးရွာ အား ငွေကျပ် သိန်း(၃၀၀)ကိုလည်းကောင်း၊ ငှက်ပျောတောကျေးရွာအုပ်စု ပိတောက်ကုန်းကျေးရွာအား ငွေကျပ် သိန်း (၃၀၀)ကို လည်းကောင်း၊ ကျောင်းရွာကျေးရွာအုပ်စု ဆောင်နိုင်ဂွ ကျေးရွာအား ငွေကျပ်သိန်း(၃၀၀)ကို လည်းကောင်း ၊ပျဉ်းကတိုး ကုန်းကျေးရွာအုပ်စု ပိန္နဲကုန်းကျေးရွာအားငွေကျပ်သိန်း(၁၀၀)ကို လည်းကောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကော်မတီ ဝင်များထံသို့ အသီးသီးလွဲပြောင်းပေးအပ်ရာ ကျေးရွာရန်ပုံငွေ စီမံကိန်းကော်မတီဝင်များ ကိုယ်စားဆောင်နိုင်ဂွကျေးရွာ ကော်မတီဝင်ဦးထွန်းမြင့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းငွေများကို ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေး မွေးမြူရေး အရောင်း အဝယ်နှင့်ကုန်ထုတ် လုပ်ငန်း များကိုဆောင်ရွက်သွားမည်ကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)