သံဖြူဇရပ် ဩဂုတ် ၁၁
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည့်စုံသော အခြေခံမဲဆန္ဒရှင် စာရင်း ရရှိစေရန်နှင့် မဲဆန္ဒပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသေး သူများအား သံဖြူဇရပ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ ဝန်ထမ်း များက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးကဒ်ပြား ကွင်းဆင်းဆောင်ရွက်မှုကို ဩဂုတ် ၁၁ ရက် နံနက် ၁ဝ နာရီက အောင်သာ ယာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိ သေးသည့် ပြည်သူ(၂၅)ဦးအား မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်ထွန်းနိုင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက် စေတနာ့ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။
မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ (၁၆)ခု တွင် နိုင်ငံသားစိစစ်ရေးကဒ် မရှိသေးသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေး သည့် ရပ်ကွက်/ ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဦးစီး မှူး ဦးဟန်ထွန်းနိုင်ထံမှ သိရသည်။
အေးအေးသီ(သံဖြူဇရပ်)